လက်ပကန်ရွာ၊ စလင်းမြို့နယ်
လက်ပကန်ရွာ သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၄၄၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောစိမ့်ကျေးရွာအုပ်စုတွင် ကျား ၂၂၀၈ ဦး၊ မ ၂၄၇၇ ဦး၊ လူဦးရေ စုစုပေါင်း ၄၆၈၅ ဦးနေထိုင်သည်။ လက်ပံကန်ရွာသည် ရွာတောင်ပိုင်းနှင့် ရွာမြောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲထားသည် ဒေသခံများက ရွာတောင်ပိုင်းကို တောင်ကုန်းဟုခေါ်တွင်ကြသည်။ လက်ပံကန်ရွာ၏အရှေ့ဘက် ၃ မိုင်အကွာမှာ ရွာဦးစေတီတစ်ဆူတည်ထားကိုကွယ်ကြသည်။ ရွာအလည်ပိုင်းတွင် ရွာလည်ဇရပ်တစ်ခုရှိသည်။ ရွာအဝင်လမ်းတွင် မူလတန်းကျောင်းရှိပြီး ကျောင်းအုပ်ဆရာကြီးမှာလဲ လက်ပံကန်ကျေးရွာဇာတိဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး ဦးမြင့်စိန် ဟုသိရသည်။
Read article